သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Tuesday, July 10, 2012

အလုပ်မရသေးတဲ့ နှလုံးသား

ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ အသက်ရှင်နိုင်တော့မည့် လူမမာ သူဌေးကြီး တစ်ဦးကို ရှင်းပြရာ လူမမာသူဌေးကြီးမှ နှလုံး အသစ်ရှာပေးရန် ဆရာဝန်ကို ပန်ကြား တာဝန်ပေးလေသည်။ ငွေကြေး ကိစ္စ မပူရန်လည်း မှာကြား လိုက်သည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် လူမမာထံသို့ ဆရာဝန် ရောက်လာသည်။

ဆရာဝန်။ ။ သူဌေးမင်းရေ ၊ နှလုံး အသစ် ၃ စုံတော့ တွေ့ ထားပြီ။

လူမမာ။ ။ ၀မ်းသာလိုက်တာ ဒေါက်တာရယ်။ အကျိုး အကြောင်း ကြားပါရစေ။

ဆရာဝန်။ ။ပထမ နှလုံးသား ပိုင်ရှင်က အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ မာရသွန် အပြေးသမားရဲ့ နှလုံး။ ပိုင်ရှင်က ကျန်းမာရေး သိပ်ကောင်းတယ်။ တစ်နေ့ ကမှ ကားတိုက်ခံရပြိး ဆုံးသွားတာ။ ပေးရမယ့် တန်ဖိုးက တစ်သိန်း။

လူ မမာ။ ။နောက်တစ်ခုကရော။

ဆရာဝန်။ ။ နောက်တစ်ခုရဲ့ ပိုင်ရှင်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တာဝေး ရေကား ချန်ပီယံ။ ရေကန်ထဲ ဒိုင်ဗင် ထိုးဆင်းလိုက်တာ ရေကန်ဘောင်နဲ့ ဆောင့်မိလို့ သေသွားတာ။သူ့ နှလုံးသား အတွက် ဒေါလာ တစ်သိန်းခွဲကျမယ်။

လူ မမာ။ ။ နောက်တခုကရောဗျာ။

ဆရာဝန်။ ။ပိုင်ရှင်က တစ်နေ့ ကို စီကရက် အကန့် အသတ်မရှိသောက်တယ်။ ကိုယ်အလေးချိန်က ပေါင် ၂၄၀။ ဘာလေ့ကျင့်ခန်းမှ မလုပ်ဖူး။ အရက်လဲ အကန့် အသတ်မရှိသောက်တယ်။ မဟုတ်တာ မှန်သမျှ အကုန်လုပ်တယ်။
ခေါ်ဈေး-တန်ဖိုးက ဒေါ်လာ ၅ သိန်း။

လူမမာ။ ။အမယ်လေး ဈေးကောင်းလှချည်လားဗျာ။ ဘာဖြစ်လို့လဲ။

ဆရာဝန်။ ။ ပိုင်ရှင်က စစ်ဗိုလ်ချုပ်သားလေ။ ဖအေ တန်ခိုး အရှိန်နဲ့ ရမ်းကားချင်တိုင်း ရမ်းကား၊ တွေ့ ရာလူ ၊လူလို့ မထင်တဲ့သူ၊ မနေ့ ကကပဲ နိုက်ကလပ်မှာ အန်ဖတ် ဆို့ပြီးသလား၊ ဦးနှောက်ကြောပြတ် သလား။ မသိဘဲ ရုတ်တရက် ကခုန်ရင်း သေသွားခဲ့တာ။
သူ့  နှလုံးသားက လူလို အလုပ်- တခါမှ လုပ်တာ မမြင်ခဲ့ကြရ ဘူးတဲ့။
အသုံး မပြုသေးတဲ့ လူ့ နှလုံးသား တဲ့။ အဲဒါကြောင့်ပါ။

လူမမာသူဌေးကြီးသည် အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း တတိယ မြောက်နှလုံးသားကို ရွေးချယ်လိုက်လေသည်။

မူရင်း (http://mogokfamilysoneseeyar.ning.com/profiles/blogs/4665560:BlogPo...)

No comments:

Post a Comment

HTML Comment Box is loading comments...