တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မဟာဂါမလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာကိုစားရတဲ့ တိဿအမတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလဲ ကြည်ညိုမြတ်နိုးတော်မူတယ်လို့ ဆိုပါတယ်။ တစ်နေ့ တော့ အဲဒီ တိဿအမတ်ကို သူကိုးကွယ်ဆည်းကပ်နေကျ ဆရာဘုန်းကြီးက ဒက္ခိဏ၀ိဘင်္ဂသုတ် ကိုဟောလိုက်ပါတယ်။ ဒက္ခိဏ၀ိဘင်္ဂသုတ်ဆိုတာ အလှုခံတစ်ကျိပ်လေးယောက် အကြောင်းကို အကျယ်ဝေဖန်ပြထားတဲ့သုတ်ပါ။ တိဿအမတ်ဟာ အဲဒီသုတ်ကိုနာကြားပြီးတဲ့နေ့ ကစပြီး သူရဲ့ စားဦးကို မလှုပဲ ထမင်းမစားတော့ပါဘူး။ ပြီးတော့ စားဦးကိုလှုပြီးမှ ထမင်းစားမယ်ဆိုပြီး သန္ဒိဌာန်ချခဲ့ပါတယ်။ ချခဲ့တဲ့အတိုင်းလဲ စားဦးကိုလှုပြီးမှ ထမင်းစားလေ့ရှိပါတယ်။
ဒီလိုနဲ့ တစ်နေ့ မှာ ဇနပုဒ်ကရောက်လာတဲ့ ဧည့်သည်တွေနဲ့ တိုင်းရေးပြည်ရေးကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ ထမင်းစားဖို့ အခွင့်ရပါတယ်။ မွန်းတည့်လွန်သွားပြီဆိုတော့ စားဦးကို ရဟန်းသံဃာတွေ လှုဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ စားဦးကို ဘယ်သူ့ များ လှုရမလဲလို့ စဉ်းစားပါတယ်။ အနားမှာရှိတဲ့ တပည့်တစ်ယောက်က သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ကို လှုဖို့ အကြံပေးပါတယ်။ တိဿအမတ်ကလဲ သဘောတူစွာနဲ့ ပဲ သူရဲ့ တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို စားဦးလှုဖို့ လွတ်လိုက်ပါတယ်။
တစ်ကယ်တော့ ပရိဗိုဇ်ဟာ အ၀တ်ဖြူဝတ်ထားပေမယ့် အကျီ င်္သီလလဲ ထူးထူးခြားခြားမရှိလှပါဘူး။ ထူးခြားတာဆိုလို့ အ၀တ်ဖြူဝတ်ထားတာ တစ်ခုပဲရှိပါတယ်။ တိဿအမတ်ရဲ့ တပည့်တွေ ပရိဗိုဇ်ဆီသွားတဲ့ အချိန်မှာ ပရိဗိုဇ်က ဘာလုပ်နေသလဲဆိုတော့ ရေကန်ဘောင်ပေါ်မှာ ငါးမျှားနေပါသတဲ့။ ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေလာနေပြီဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကိုရေထဲပစ်ချ ၊ ခြေထောက်နဲ့ အသာနင်းထားပြီး သူမဟုတ်သလိုလို တရားကျင့်နေသလိုလိုနဲ့ ကနြေ္ဒရရ တည်တည်ငြိမ်ငြိမ်လေးနေနေလိုက်ပါတယ်။
ဒါပေမယ့် တိဿအမတ်ရဲ့ တပည့်တွေက ပရိဗိုဇ်ရဲ့ အပြုအမှုကိုမြင်ဖြစ်အောင် မြင်သွားပါတယ်။ ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ ပရဗိုဇ် စားဦးနဲ့ မတန်ဘူးဆိုပြီး တိဿအမတ်ဆီ စားဦးကိုပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီရောက်တော့ တပည့်တွေက တိဿအမတ်ကို အကြောင်းစုံပြောပါတယ်။ ဒီတော့ တိဿအမတ်က ဘာပြန်ပြောသလဲဆိုတော့ -
အမောင်တို့ ၊ ပရိဗိုဇ်ဟာ ယုတ်မာတဲ့အကျင့် ရှိတယ်လို့ ဆိုပေမယ့် သင်တို့ ကိုမြင်တော့ မကောင်းမှုကို လူမြင်မှာရှက်တတ်တဲ့ စိတ်ကလေးနဲ့ ငါးမျှားတဲ့ကိုရေထဲမှာနှစ်ပြီးဝှက်ထားရှာတယ်။ အဲဒီ မကောင်းမှုကိုလူမြင်မှာရှက်တတ်တဲ့ စိတ်ကလေးသည်ပင် ပရိဗိုဇ်အတွက် စားဦးကို အလှုခံထိုက်ပါတယ်။ ငါ့အနေနဲ့ လည်း အဲဒီမကောင်းမှုကို လူမြင်မှာရှက်တတ်တဲ့စိတ်ကလေးကိုပဲ ကြည်ညိုလို့ ရပါပြီ။ ကဲ....ပြန်လှုလိုက်ကြပါ
လို့ ပြောပြီး ပရိဗိုဇ်ကို ပြန်လှုခိုင်းလိုက်ပါတယ်။ စာမှာတော့ ဒုတိယနေ့ မှာလဲ ဆက်ပြီးလှုခိုင်းတယ်လို့ ဆိုပါတယ်။
ဒီဝထ္ထုလေးဖတ်ပြီးတော့ တိဿအမတ်နေရာမှာငါသာဆို ဆိုတဲ့အတွေးက မသိမသာဝင်လာပါတယ်။ အေးကွာ - မင်းတို့ ပြောတာမှန်တယ်။ ဒီလောက်ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့ မတန်ဘူး။ အဆိပ်ပင်ရေလောင်းတာနဲ့ အတူတူပဲ ၊ ငါတို့ စားတာမှ ဗိုက်ဝဦးမယ် အဲလိုများ ခပ်ညံ့ညံ့စိတ်ဓာတ်နဲ့ တွေးဖြစ်မလားမသိပါဘူး။
ဘာပဲပြောပြော တိဿအမတ်ကတော့ ဒါန ကုသိုလ်ဖြစ်သွားတာပါပဲ။ ဆရာကြီးဦးရွေအောင်စကားနဲ့ ပြောရရင် ဒါနကို ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။ အဌသာလိနီအဌကထာမှာ ကုသိုလ်ဖြစ်ရခြင်း နဲ့ အကုသိုလ်ဖြစ်ရခြင်းအကြောင်းတွေကို ဒီလိုပြထားပါတယ်။
ကုသလံယောနိသောမနသိကာရ ပဒဌာနံ
အကုသလံ အယောနိသောမနသိကာရ ပဒဌာနံ
အဓိပ္ပာယ်ကတော့ ကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းက ယောနိသောမနသိကာရ ရှိလို့ ပါတဲ့ ၊ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းကတော့ အယောနိသောမနသိကာရ ရှိလို့ ပါပဲတဲ့။ ဆိုလိုချက်ကတော့ ယောနိသော မနသိကာရ ရှိရင် ကုသိုလ်ဖြစ်မယ် ၊ အယောနိသောမနသိကာရ ရှိရင်အကုသိုလ်ဖြစ်မယ် ဒါပါပဲ။
ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက ယောနိသောမနသိကာရကို ကုသိုလ်ဖြစ်အောင်တွေးခြင်းလို့ မြန်မာပြန်ဆိုပေးခဲ့ပါတယ်။ တစ်ခြားဆရာတော်ကြီးတစ်ပါးကတော့ ယောနိသောမနသိကာရကို အကောင်းမြင်ဝါဒရှိခြင်းလို့ ပြန်ပေးပါတယ်။ အများနားလည်နိုင်မယ့် စကားလုံးတွေနဲ့ ပြန်ပေးထားကြတာဆိုတော့ သက်ရောက်မှုအဓိပ္ပာယ်တွေကတော့ အတူတူတွေပါပဲ။
မကောင်းမှုကို လူမြင်မှာရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ငါ့အနေနဲ့ ကြည်ညိုလို့ ရပါပြီ လို့ တိဿအမတ်ပြောလိုက်တဲ့စကားရဲ့ မြစ်ဖျားခံရာဟာ ယောနိသောမနသိကာရပါပဲ ၊ ယောနိသောမနသိကာရ ရှိတော့ ကုသိုလ်ဖြစ်သွားတာအဘိဓမ္မာသဘောအရ သိပ်ပြီးဆန်းလှတယ်လို့ တော့ မဆိုနိုင်ပါဘူး။ ဆန်းတာက အားကျဖို့ ကောင်းတာက တိဿအမတ်ရဲ့ သန္တာန်မှာ ယောနိသောမနသိကာရ ရှိနေတာပါ။
တစ်ကယ်တော့ "တိမ်တိုက်မည်မျှမဲမဲ ၊ အဖြူရောင်ငွေအနားသတ်ကတော့ ရှိစမြဲ " ဆိုတဲ့ နိုင်ငံခြားစကားပုံအတိုင်း ဘယ်လောက်ပင်ဆိုးနေတဲ့လူဖြစ်ပါစေ ၊ ငွေရောင်အနားသတ်လို့ ခေါ်ရမယ့် ကောင်းကွက်လေးတစ်ကွက်ကတော့ ရှိစမြဲပါ။ ဒါကို ကိုယ်က ယောနိသောမနသိကာရ အခြေခံပြီး မြင်တတ်ဖို့ ပါ။
ဘာပဲပြောပြော ဘ၀ဆိုတာရှိနေရင် သံသရာခရီးဆိုတာလဲ ရှိနေဦးမှာပါပဲ။ အဲဒီသံသရာဆိုတဲ့ ခရီးတစ်ခုကို လျှောက်နေရသရွှေ့ တော့ အာရုံမျိုးစုံတွေနဲ့ နေ့ စဉ်တွေ့ နေကြရမှာပါ။ ကိုယ်နှစ်သက်တဲ့အာရုံပဲတွေ့ တွေ့ ၊ မနှစ်သက်တဲ့ အာရုံပဲတွေ့ တွေ့ ၊ တွေ့ လာတဲ့အာရုံတွေ အပေါ်ကိုယ်က ကုသိုလ်ဖြစ်အောင်တွေးတတ်ဖို့ ပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် တွေ့ လာတဲ့အာရုံအပေါ် မိတ်ဖွဲ့ တတ်ဖို့ ပါ။ မိတ်ဖွဲ့ တတ်ဖို့ ဆိုတာကလဲ သိပ်ပြီးခက်ခဲလှတယ်လို့ တော့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ယောနိသောမနသိကာရ ရှိနေရင် တစ်လောကလုံးနဲ့ အလိုလိုမိတ်ဖွဲ့ ပြီးသားဖြစ်နေမှာဖြစ်လို့ ပါပဲလေ။
No comments:
Post a Comment