သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Tuesday, July 10, 2012

ဟာသလေးများ ( ၁ )

ပုန်းရှောင်သူ

ဟေ့ မောင်လှ မိုးရွာထဲမှာ ဘာဖြစ်လို့ ရပ်နေတာလဲကွ ၊
တစ်ကိုယ်လုံးလည်းစိုရွှဲလို့ပါ့လား
မေမေက ကျွန်တော့ကို ရေချိုးခိုင်းလို့ ၊ ပုန်းနေတာပါ


~ သြော် လင်းတတောင် အလွတ်မပေးဘူးဆိုပဲ ~

ကိုသာဗျော အိမ်က ကြက်မများ ဥ, ဥနှုန်းကျဆင်းနေသည်။
ကိုသာဗျော ကြက်ဖအသစ်တစ်ကောင်ဝယ်လာသည်။
အိမ်ရောက်ရောက်ခြင်း မနက်ပိုင်းတွင် ကြက်ဖကြီးသည်
ကြက်မ ၁၅၀ ကိုမျိုးစပ် ပစ်လိုက်သည်။ ကိုသာဗျော အံသြသွားသည်။
ညနေပိုင်းတွင် နောက်ထပ် အကောင် ၁၅၀။ ပို၍ပင် အံသြသွားသည်။
နောက်တစ်နေ့ ကိုသာဗျော ခြံထဲရှိ ကြက်မများသာမက ဘဲမတွေ၊
ကြက်ဆင်မတွေ၊ ငန်းမတွေပါ ကြက်ဖလက်က မလွတ်။
ကိုသာဗျောစိုးရိမ်စပြုလာသည်။ နောက်တစ်နေ့ မနက်တွင်
ကိုသာဗျော ခြံထဲသို့ အသွား သူ့ကြက်ဖကြီး လည်ကြီးကို စန့်၊
မျက်လုံးကို မှတ်ကာ သေနေလေတော့သည်။ လင်းတများကား
ကောင်းကင်တွင် ၀ဲနေကြသည်။ ကိုသာဗျော သူ့ကြက်ဖကြီးဆီ
ပြေးသွားသည် “သြော်.. သနားစရာကောင်းလိုက်တဲ့ ငါ့ကြက်ဖကြီး
ခုတော့ သေရှာလေပြီ” လို့ ဆိုလေသတဲ့။ အဲ့ဒီအချိန်မှာ ကြက်ဖကြီး
မျက်လုံးပွင့်လာသည်..

“ရှုးတိုးတိုး…. ဟိုမှာ လင်းတမတွေ ခဏနေရင် ဆင်းလာတော့မှာ”

ငါ့ဟာကွ
ဟိုတယ်တစ်ခုတွင် နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်ခန်းသို့
ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့်
ကိုမြသည် တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏။
မန်နေဂျာက ထိုအခန်းသို့ သမီးရည်းစားစုံတွဲတစ်တွဲအတွက်
နေရာပေးလိုက်၏။ မိမိနေရမည့်အခန်းသို့ ရောက်ခါမှ ယခင်အခန်း၏
ခုတင်ခြေရင်း၌ မိမိ၏ ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြ သတိရလိုက်၏။
ထို့ကြောင့် ထီးပြန်ယူရန် ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက်
သို့အရောက်တွင် အတွင်းမှ သမီးရည်စားစုံတွဲ၏ စကားပြောသံကို ကြားရသဖြင့်
ခေတ္တနားစွင့်နေမိသည်။

``ခင်ရယ်၊ ဟောဒီရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလဲဟင်´´

``အိုး၊ မောင့်ဟာပေါ့၊ မောင်ကလည်း´´

``ဟောဒီသမင်မျက်လုံးလေးကရော´´

``မောင့်ဟာပဲပေါ့´´

``ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်´´

``မောင့်ဟာ၊ မောင့်ဟာ´´

``ဒီဆင်ဆွယ်လို လက်မောင်းလေးတွေကရော´´

``အိုး… မောင့်ဟာပဲပေါ့´´

ထိုကဲ့သို့ မေးလာရော ပဉ္စငါးပါးကုန်ခါနီးလာ၏။ အပြင်ကနားထောင်နေသော
ကိုမြ အတော်ကို စိုးရိမ်စိတ် ၀င်လာ၏။ ထို့ကြောင့် အပြင်မှနေ၍ လှမ်းအော်ပြောလိုက်သည်။

``အထဲက ကျေးဇူးရှင်လေး……… ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့
မင်းဟာဟုတ်ဖူးနော်…. အဲဒါငါ့ဟာကွ´´ တဲ့…
အလုပ်ရှူပ်ပုံများ ~~

သူငယ်ချင်းနှစ်ယောက်..
ပထမသူငယ်ချင်း။ ။ဟေ့ သူငယ်ချင်း အားလား ငါကိုကူညီပါဦးကွာ ..
ဒုတိယသူငယ်ချင်း ။ ။ ဟင့်အင်း မအားဘူး ...
ပထမ သူငယ်ချင်း။ ။ ဘာလုပ်နေလို့လဲ ..
ုဒုတိယ သူငယ်ချင်း။ ။ မတ်တပ်ရပ်နေတယ် ....

မုန့်လုပ်နည်း...

မုန့်လုပ်တာဝါသနာပါတဲ့ဒေါ်ခင်ကြည
်တစ်ယောက်
ညနေ ငါးနာရီမှာ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်း
အသံလွှင့်မယ်ဆိုလို့ ခဲတံနဲ့စာအုပ်ဖွင့်ပြီးစောင့်နေပါတယ်...

ညနေငါးနာရီထိုးတော့ ရေဒီယိုကကိတ်မုန့်ဖုတ်နည်း
အသံလွှင့်တာတော့လာပါတယ်။

ဒါပေမယ့် ကပ်ရက်လိုင်းက ကျန်းမာရေးလေ့ကျင့်ခန်းကအသံတွေနဲ့ရောနေတော့
ဒေါ်ခင်ကြည်ရဲ့မှတ်စုစာအုပ်ကို အသံလွှင့်အစီအစဉ်အပြီးမှာကြည့်လိုက်ရင်

• ဂျုံမှုန့်သန့်သန့်တစ်ပိဿာကိုယူပြီး ဒူးကိုကွေးလိုက်ပါ

• ကြက်ဥနှစ်လုံးကိုဖောက်၍ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ

• ဂျုံမှုန့်နှင့်ကြက်ဥနှစ်ကိုရောနယ်၍ ကြမ်းပြင်ပေါ်ပက်လက်လှဲလိုက်ပါ

• သကြားနှင့်ထောပတ်အနည်းငယ်ရော၍ ဒူးနှစ်ဖက်ကိုကွေး၍ထောင်ပါ

• ၁ နာရီခန့်အပူပေးပြီး ခြေနှစ်ချောင်းကိုကားပြီးချိန်တွင် အသင့်စားသုံးနိုင်ပါပြီ...

(ဆရာဦးအောင်သင်း၏ဆောင်းပါးတစ်ပုဒ်မှ မှီငြမ်းပါသည်)

ဟာသအားလုံးကို ဟာသကမ္ဘာ (Funny World)
မှ ထပ်ဆင့်ဝေမျှပါသည်။

No comments:

Post a Comment

HTML Comment Box is loading comments...