သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Tuesday, July 10, 2012

လိုသေးတယ်......။

တစ်ခါက ကမ္ဘာ့ထိပ်သီးအညစ်ပတ်ဆုံးသူများ အသင်းကြီး သို့ လူတစ်ယောက်က

အသင်းဝင်ရန် အဆိုပြုချက် လျှောက်လွှာတစ်စောင်ရေး၍ ပို့လိုက်သည်။

လူကြီးမင်းများခင်ဗျား ..

ကျွန်တော်သည် လူကြီးမင်းများ၏ အသင်းကြီးသို့ ၀င်ရောက်လိုပါသည်။

- ကျွန်တော်သည် မျက်နှာမသစ် သွားမတိုက်ဘဲ အစာစားလာသည်မှာ နှစ်အတော်ကြာခဲ့ပါပြီ။

- ရေကိုလည်း သုံးပတ်လျှင်တစ်ခါ ခန္ဓာကိုယ်အေးစေရန် တစ်ခွက်သာလောင်းချိုးပါသည်။

- အ၀တ်များကိုလည်း မည်သည့်အခါမှ လျှော်၍ မ၀တ်ပါ။

- အိမ်သာ သွားပြီးလျှင်လည်း ရေဆွဲ မချပါ။

- အဆိုးဆုံးမှာ ကျွန်တော့် အိပ်ယာ အောက်တွင် ကြမ်းပိုးများစွာမွေးမြူ ထားပါသည်။

အထက်ပါအရည်အချင်းများနှင့် ပြည့်စုံပါသဖြင့် ကမ္ဘာ့ ထိပ်သီးအညစ်ပတ်ဆုံး အသင်းကြီး သို့

အသင်းဝင် အဖြစ် ၀င်ခွင့်ပြုပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည်။

မှတ်ချက် ။ ။ ကျွန်တော် ယခု ရေးပို့လိုက်သော လျှောက်လွှာ စာရွက်မှာ

ကျွန်တော် နှပ်ညှစ်ထားသော စက္ကူဖြင့် ရေးပို့ လိုက်ခြင်း ဖြစ်ပါသည်။

လေးစားစွာဖြင့်.....................

ချူချာ /

နောက် သုံးရက်ကြာသော် အဖွဲ့ချုပ် ထံမှ စာပြန်လာသည်။

လူကြီးမင်းခင်ဗျား

အဖွဲ့ချုပ် မှ အသင်းဝင်များသည် နှပ်ထွက်လျှင် မည်သည့်အခါမှ အပြင်ကို ညှစ်မထုတ်ပါ။ လေးစားစွာဖြင့် ....

ဥက္ကဌ /

No comments:

Post a Comment

HTML Comment Box is loading comments...