သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Tuesday, July 10, 2012

အချစ်အကြောင်း သိကောင်းစရာ

တစ်ခါကအရမ်းထုံအတဲ့တရားသူကြီးတစ်ယောက်ဆီကိုအမှုသည်နှစ်ဦးရောက်လာပါတယ်။တစ်ယောက်က

နားရွက်ကိုက်ဖြတ်ခံထားရပါတယ်။အဲဒီအခါတရားသူကြီးကသူတို့နှစ်ဦးရဲ့ပြဿနာကိုစစ်ဆေးပါတယ်

တရားသူကြီး။ ။ကဲမင်းတို့နှစ်ယောက်ရဲ့ပြဿနာကိုရှင်းပြပါဦး

ဘယ်ကစဖြစ်သလဲ

ပထမလူ။ ။ဒီလိုဗျကျွန်တော်တို့နှစ်ဦးဟာအချစ်အကြောင်းဆွေးနွေးရာကစပါတယ်

ကျွန်တော်ကအချစ်ဆိုတာပေးဆပ်ခြင်းပါ ။ကိုယ်ချစ်တဲ့သူကိုမပိုင်ဆိုင်ခဲ့ရင်တောင်မှ

တစ်သက်လုံးဆက်ချစ်သွားမဲ့ပေးဆပ်ခြင်းအချစ်ပါ။ဒါကိုသူကကိုယ်ချစ်တဲ့သူအိမ်ထောင်ကျသွား

ရင်တောင်မှဆက်ချစ်နေတာမို့ကြာကူလီအချစ်လို့ပြောပါတယ်။


ဒုတိယလူ။ ။ ကျွန်တော်ကသူ့ကိုအချစ်ဆိုတာရယူခြင်းလို့ပြောတာကိုသူကမင်းရဲ့အချစ်ကလူကိုမရရင်

မချစ်နိုင်တော့ဘူးဆိုတော့မေတ္တာမစစ်တဲ့တဏှာချစ်လို့ပြောပြီးကျွန်တော့နားရွက်ကိုကိုက်ဖြတ်လိုက်ပါတယ်

ထိုအခါတရားသူကြီးကပထမလူကိုမေးပါတယ်

တရားသူကြီး။ ။မောင်မင်းသူ့နားရွက်ကိုကိုက်ဖြတ်လိုက်တာဟုတ်သလား

ပထမလူ။ ။မကိုက်ပါဘူး။သူ့နားရွက်ကိုသူပြန်ကိုက်လိုက်တာပါ

တရားသူကြီး။ ။ဟေ....သူ့နားရွက်ကိုသူဘယ်လိုပြန်ကိုက်လို့ရမလဲဟ

ပထမလူ။ ။မှန်ကြည့်ပြီးကိုက်ရင်ရပါတယ်

အဲဒီအခါထုံအလွန်းတဲ့တရားသူကြီးလည်းအိမ်ရောက်ရင်ငါ့နားရွက်ငါပြန်ကိုက်ကြည့်အုန်းမှ

ဆိုပြီး ဒီအမှုကိုနောက်နေ့မှစီရင်ချက်ချမယ်ဆိုပြီးရက်ချိန်းလိုက်ပါတယ်

တရားသူကြီးလဲအိမ်ရောက်တယ်ဆိုရင်ပဲမှန်ရှေ့သွားပြီးသူ့နားရွက်ကိုသူကိုက်ကြည့်ဖို့ကြိုးစားနေတုန်းသူ့ဇနီး

ဖြစ်သူအနားရောက်လာပါရော။ဒီအခါသူ့ဇနီးကအကျိုးအကြောင်းမေးပြီးသိတဲ့အခါ

ဇနီး။ ။ရှင်လုပ်ပုံကတော့လေ...ဒီပုံအတိုင်းဆိုထမင်းငတ်ဖို့ရှိမယ်ရှင်နုံအပုံနဲ့တော့

စီရင်ချက်ချတဲ့နေ့ကျွန်မကိုယ်တိုင်လိုက်မှဖြစ်တော့မယ်

အမှုစီရင်ချက်ချတဲ့နေ့ရောက်တော့ ဒီအမှုကိုဘယ်လိုစီရင်ရမလဲဆိုတာ

စဉ်းစားမတတ်ဖြစ်နေတော့မလှမ်းမကမ်းမှာဒါလေးတောင်အဖြစ်မရှိရကောင်းလားဆိုပြီးနှုတ်ခမ်းစူပြီးပွစိပွစိပြောနေတဲ့

ဇနီးလုပ်သူကိုကြည့်ပြီးစီရင်ချက်ချလိုက်ပုံကတော့


"ကဲ.......နားရွက်ကိုက်ခံရတဲ့သူက နားရွက်ကိုက်တဲ့သူကိုပြန်ပြီးမနားတမ်းအာဗွားပေးစေ"

No comments:

Post a Comment

HTML Comment Box is loading comments...