အဲဒီနေရာလေးမှာ
ခရမ်းရောင်ပန်းလေးတွေ
ငါစိုက်ပျိုးထားတယ်
နင်ပြန်လာရင် ကြည့်ဖို့ပေါ့
အဲဒီနေရာလေးမှာ
အနီရောင် နှင်းဆီပန်းလေးတွေ
ဖြန့် ကျဲထားတယ်
မောပန်းမွန်းကျပ်စွာနဲ့ ပြန်လာတဲ့
နင့်ကို အမောပြေစေချင်လို့
အဲဒီနေရာလေးမှာ
အ၀ါရောင်ဖဲကြိုးလေးတွေ
ချည်ထားတယ်
နင်ပြန်လာရင်
ငါနင့် ကိုချစ်ဆဲပဲဆိုတာ ကို
အလိုလိုနားလည်ဖို့ပါ…
ငါမငိုဘူး
ဘယ်တော့မှ မငိုဘူး
နင်ကိုသတိရလို့
နင့်ကို လွမ်းလို့
နင်ပြန်လာမယ် ဆိုတဲ့မျှော်လင့်ချက်ကြောင့်
ငါမျက်ရည် မကျခဲ့ ဘူး
ည တွေ
ညအိမ်မက်တွေထဲမှာ
နင်ပြန်ပြန် လာတယ်
နင်ရောက်ရောက်လာတယ်
နင်လက်ကို နွေးနွေးထွေးထွေး ဆုတ်ကိုင်မိတယ်
အိမ်မက်တွေထဲမှာဆိုပေမယ့်
နောက်ဆုံးကောက်ရိုး မျှင်လေးတစ်ခုလို
ငါမက်မောခဲ့တယ်
ပြီးခဲ့တဲ့ လပြည့်နေ့ညနေပိုင်းမှာ
ငါမျှော်လင့်ချက်တွေ
မြေခသွားခဲ့ပြန်တယ်…………..
ဆုတောင်းတယ်
ဒါပေမယ့် အခုထိ တော့
ငါဆုတောင်းတွေကို
ကံတရားက မျက်ကွယ်ပြုထားတုန်းပဲ။။။။
အဲဒီနေရာလေးမှာ…………….
အဲဒီနေရာလေးမှာ……………
အဲဒီနေရာလေးမှာပေါ့
ငါနင့်ကိုစောင့်နေခဲ့တယ်။
( ချစ်လှစွာသော အစ်မတစ်ယောက် ကိုကြည့်ပြီးစိတ်မကောင်းလို့ ရေးဖြစ်တဲ့ကဗျာ~~~)
!-kp3နည်းပညာ-http:>
Tuesday, July 10, 2012
Subscribe to:
Post Comments (Atom)
HTML Comment Box is loading comments...
No comments:
Post a Comment