သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Saturday, July 28, 2012

Photoshop ရဲ့ Format အကြောင်း သိကောင်းစရာ

Photoshop ရဲ့ Format အကြောင်းနည်းနည်းရှင်းပြချင်လို့ပါ။
Photoshop ဟာ file format များစွာကိုsupport ပေးထားပါတယ်။ အခုပြောမှာက အသုံးများတဲ့ format တချို့ပါ။ 

Photoshop (*.PSD)
ဒီအမျိုးအစားဟာ Photoshop ရဲ့ default format ပါ။ file ကိုပြုပြင်စရာတွေရှိသေးတယ် (ဥပမာ text တွေ layer အရွေ့အပြောင်းတွေ) ဆိုရင်ဒီ format နဲ့ save ထားဖို့လိုပါတယ်။ ဒါမှပြန် edit လုပ်ရတာလွယ်မှာပါ။
အရင် Photoshop 7.0 မှာ file size ဟာ 30,000 pixel by 30,000 pixel ထိရပါတယ်။ အခု Photoshop အသစ်ဖြစ်တဲ့ CS or CS2 မှာတော့ file size ဟာ 300,000 x 300,000 pixels ထိလုပ်ဆောင်နိုင်ပါပြီ။ file type ကတော့ (*.PSB) ပါ။
JPEG
Joint Photographic Experts Group ဆိုတဲ့အဖွဲ့တစ်ခုရဲ့ file compression algorithum ကိုခေါ်ထားတာပါ။ file format မဟုတ်ပါဘူး။ တကယ့် file format အမှန်က JFIF (JPEG File Interchange Format) ပါ။ ဒါပေမယ့် JPEG ဆိုတဲ့ နံမည်ပဲတွင် ကျယ်လာခဲ့ပါတယ်။ အရောင်စနစ်အနေနဲ့ RGB,CMYK,Grayscale တွေသုံးလို့ရပါတယ်။ ဒါပေမယ့် သူက transparency ကိုတော့ support မလုပ်ပါဘူး။ File တစ်ခုကို JPEG format နဲ့ပြောင်းချင်ရင် အဲဒီ file ကိုဖွင့်ပြီး Save As လုပ်ပေးလိုက်ရုံပါပဲ။ file type မှာတော့ JPG ပေးလိုက်ပေါ့။
JPEG Option dialog box မှာ file ကို ဘယ်လို quality လိုချင်တယ်ဆိုတာလဲစိတ်ကြိုက်ပေးနိုင်ပါတယ်။ 0 က quality အနိမ့်ဆုံးနဲ့ file size အသေးဆုံးပါပဲ။ 12 ကတော့ quality အကောင်းဆုံးနဲ့ file size အကြီးဆုံးပါပဲ။ File တစ်ခုကို size လျှော့ချင်တဲ့အခါမှာ ဒီလိုလုပ်လို့ရပါတယ်။ ဒါပေမယ့် JPEG file တစ်ခုကို JPEG file အဖြစ်ထပ် save as လုပ်တာဟာ quality ကိုထပ်ကျစေပါတယ်။
JPEG 2000 (*.JPF)
ဒါက JPEG ရဲ့နည်းပညာနောက်ဆက်တွဲတစ်ခုပါ။ သူ့ကို Acrobat Reader မှာလဲဖွင့်ကြည့်လို့ရလာပါတယ်။ Acrobat file တွေဟာ cross-platform format ပါ။ operation system အများစုနဲ့အဆင်ပြေပါတယ်။

CompuServer GIF
GIF (Graphics Interchange Format) ဟာ web page တွေအတွက်အသုံးများပါတယ်။ transparency support လုပ်ပါတယ် အရောင်ကတော့ RBG, Index mode တွေပါ ၂၅၆ ရောင်ထိလဲကန့်သတ်ထားပါသေးတယ်။ Animation ပုံလေးတွေလဲဖြစ်နိုင်ပါတယ်။ Animated GIF ကိုတော့ Image Ready နဲ့ပြုလုပ်ရတာပါ။

TIFF (*.TIF)
Tagged Image File Format (TIFF) ဟာဆိုရင် digital printing services အများစုကလက်ခံနိုင်တဲ့ format ပါ။ scanner နဲ့ digital camera များမှာလဲသုံးပါတယ်။ အရေင်အနေနဲ့တော့ CMYK, RGB,Lab, Indexed color, Grayscale, နဲ့ Bitmap တွေအသုံးပြုနိုင်ပါတယ်။

Photoshop EPS
Adobe ရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Post script ကဆင်းသက်လာတာပါ။ Encapsulated Postscript (EPS) ပါ။ text , graphics တွေရောပြီးပါဝင်နိုင်ပါတယ်။
 
မူးရင်လင့် ။ ။http://www.kohtway.co.cc/2012/02/photoshop-format.html

အရမ်းမိုက်တဲ့ Virus Cleaner (အသုံးဝင်မယ်ထင်လို့ )



Virus Cleaner | 12.54 MB


ဒီစော့ဝဲကတော့ မိမိရဲ့ ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ Virus, malware, အသုံးမလိုတဲ့ File တွေကို ရှင်းလင်းပေးနိုင်တဲ့ စော့ဝဲပဲဖြစ်ပါတယ်....မိမိ ရှင်းလင်းချင်သော Drive ကို ရွေးချယ်ပြီး Click တစ်ချက်ပေးရုံနဲ့ ရှင်းလင်းပေးနိုင်တဲ့ အသုံးပြုရလွယ်ကူသော Portable စော့ဝဲလေးပဲဖြစ်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။


မူရင်လင့်  ။ ။http://www.kohtway.co.cc/2012/05/virus-cleaner.html

Photobucket
Ifile | Mediafire

မိမိစက် virus ရှိမရှိ စစ်မယ် ဗျာ..။

virus ရှိမရှိ စစ်မယ် တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် .. cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နိုပ်မယ် ဒါဆိုရင် please go to the
Control Panel to install and configure system components ဆိုပြီး dialog
box လေးပေါ်လာရင် virus မရှိပါဘူး မအပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ
**********************************
iiiiii-Virus ကိုသတ်ရန်
သူငယ်ချင်းတို့ရဲ့ Computer မှာ Virus ရှိ/ မရှိ Anti-Virus နဲ့ စစ်စရာမလိုဘဲ သိနိုင်သည့်နည်းရှိပါတယ်။
Virus တွေဟာ Anti-Virus နဲ့ သတ်လို့ မရပါဘူး။ Kaspersky Anti-Virus နဲ့သတ်ရင် တစ်ခဏဘဲ သေပါတယ်။ အမြစ်မပြတ်ပါဘူး။
အထက်က Virus တွေ သူငယ်ချင်းတို့ရဲ့ Computer မှာ ရှိ/ မရှိ သိချင်ရင်
Start>All Programs>Start up ကို မြား (Pointer) နဲ့ ထောက်ကြည့်လိုက်ပါ။
အကယ်၍ Virus ရှိလျှင် iiiiii ဆိုသည့် တုတ်ချောင်းပုံစံရယ်၊
97FF7E ဆိုသည့် ဖိုင်တွေကို တွေ့ရမှာပါ။ ဒါဆို သူငယ်ချင်းတို့ Computer မှာသေချာပေါက် Virus ရှိနေပြီ။ဒီဗိုင်းရပ်ကို သတ်ဖို့ ကျတော် နည်းလေးတစ်ခုပေးချင်ပါတယ်။ ယုံရင်စမ်းကြည့်လိုက်ပါ။
My Computer မှ Local Disk (c:) ကို ဖွင့်လိုက်ပါ။ ပြီးတော့ Windows ကို ထပ်ပြီးဖွင့်လိုက်ပါ။ ထို့နောက် System32 ထပ်ဖွင့်ပါ။


 အဲဒီထဲမှာ 97FF7E ဖိုင်ကို ရှာပါ။ တွေ့ပါက အဲဒီဖိုင်ကို (Delete) ဖျက်ပစ်လိုက်ပါ။
ထို့နောက် All Programs >Start up ထဲက 97FF7E ဖိုင်ပေါ်ကို Right Clickနှိပ်ပြီး Delete ကိုနှိုပ်ပါ။
နောက်ဆုံးအနေနဲ့ Computer ကို Restart လုပ်လိုက်ပါ။ဒါဆို OK သွားပါပြီ သူငယ်ချင်းတို့ရေ။
iiiiii-Virus ကိုတော့
My Computer မှ Local (c:) ကို ဖွင့်လိုက်ပါ။ ထို့နောက် Windows ထပ်ဖွင့်လိုက်ပါ။ ပြီးတော့ System 32 ထပ်ဖွင့်ပါ။
အဲဒီထဲမှာ 324D24 ဖိုင်ကို ရှာလိုက်ပါ။ တွေ့ပါက select မှတ်ပြီး ဖျက်ပစ်လိုက်ပါ (Delete)။တစ်ခါတစ်လေ ဖျက်လို့မရပါဘူး။
ဖျက်လိုက်ရင် Box လေး ပေါ်လာတတ်ပါတယ်။ အဲဒီ Box ပေါ်လာရင် အဲဒီ Box ထဲမှာ 59FFEE.EXE စာသားကို တွေ့ရမှာပါ။
အဲဒီစာသားတွေကို မှတ်ထားပြီး။ Box ကို ပိတ်ပစ်လိုက်ပါ။
ထို့နောက် Window Task Manager ကို ဖွင့်လိုက်ပါ။ ထို့နောက် Proeesses ထပ်ဖွင့်လိုက်ပါ။ အဲဒီထဲမှာ 59FFEE.EXE စာသားကို ရှာပါ။
တွေ့ပါက select မှတ်ပြီး End processes ကို ပေးလိုက်ပါ။ ပြီးတော့ System 32 ထဲက
59ffee ဖိုင်ကို ပြန်ဖျက်(Delete)လိုက်ပါ။ ဒါဆို အထက်က ဖော်ပြခဲ့သော Virus တွေ
အဆုံးသတ်သွားမှာပါ။
***********************************
viousအားကိုယ်တိုင်သုတ်သင်ရန်
Computer တွေမှာဗိုင်းရပ်စ်ကိုက်သွားလို
drives တွေကို doubleclick နဲ့ဖွင့်လို့မရတော့တာမျိုးကို ကြုံဖူးကြမှာပါ။
rightclick လုပ်ပြီးဖွင့်ကြရတာလေ။
အဲဒီအခါမှာအကောင်းဆုံးကတော့  update ဖြစ်တဲ့antivirus တစ်ခုနဲ့ စစ်ပြီးဖြေရှင်းလိုက်တာကတော့  အကောင်းဆုံးပေါ့။
အခုပြောမယ်နည်းကတော့အလွယ်ပေါ့။ သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။
driveတွေမှာautorunမတက်အောင်လုပ်လိုက်တာလေ။
အဲဒီနည်းနဲ့ဖြေရှင်းမယ်ဆိုလည်းအဆင်တော့ပြေပါတယ်။
ကြိုက်ရာပေါ့ ။ဘာကြောင့်လည်းဆိုတော့ autorun မတက်ရင်
vious မောင်မောင်တွေက အလုပ်ကိုမလုပ်တာ
သူက autorun တွေနဲ့အလုပ်လုပ်ပါတယ် Computer မှာ Autorun ပိတ်ထားရင်
vious ဆိုတာအလုပ်မလုပ်ပါဘူး

အရင်ဆုံး Auto Run ကိုပိတ်ထားလိုက်နော် အောက်ကအဆင့်အတိုင်း ပီးရင် vious တွေကို ကိုယ်တိုင်လိုက်သတ်ကြမယ် ဘယ်လိုသတ်မလည်းဆိုတော့ အောက်နားမှာဖတ်နော်
1. Start Menu > run
2. အဲဒီ Run မှာ gpedit.msc လို့ရိုက်
3.Enter
အဲဒီမှာ Group Policy ဆိုတာပွင့်လာပါလိမ့်မယ်။ အဲဒီGroup Policy မှ 
User Configuration >> Administrative Templates >> System >> Turn Off Autoplay အထိသွားပါ။
အဲဒီTurn off Autoplayမှာ Enabledကိုရွေးပါ။Turn off Autoplay on မှာ All drivesကိုရွေးပါ။
ပြီးရင်တော့Apply နဲ့ Okပေါ့။ Virus အားမြင်အောင်ကြည့်ခြင်း Virus ရဲ့ လုပ်ဆောင်မှုတွေ ပါ
တကယ့် Virus Program ကို မြင်ရတာမဟုတ်ပါဘူး
Virus ကို မြင်အောင်ကြည့်တတ်ရင် Anti – Virus Software တောင် မလိုပဲ Virus ကို Delete လုပ်နိုင်ပါတယ်
ဒါပေမယ့် စိတ်ချရအောင် Anti – Virus Program တစ်ခုတော့တင်ထားရပါမယ်
အရင်ဆုံး လုပ်ရမှာက …. Autorun  ပိတ်ထားဖို့ပါ .. အလွန်အရေးကြီးပါတယ် Autorun ပိတ်ပြီးရင်
1.Start ကနေ all Program ကနေ My Computer ကို ဖွင့်ပါ
2.အပေါ်ဘားတန်း Tools အောက်က Folder Options ကို နိုပ်
3.View ကိုနိုပ်ပြီး
Show Hidden files and folder ကို Click ခြင်းဖြင့်
Hidden file တွေကို မြင်ရအောင်လုပ်ပါ
3.ပြီးရင် Hide Protected operation system file ရှေ့ က အမှန်လေးကို ဖြုတ်ပါ
Virus က system file အမျိုးအစားဖြစ်လို့ ပါ
4. ပြီးရင် Hide extensions for known file types ကို အမှန်ဖြုတ်ပါ
5. ပြီးရင် Use Simple File sharing ကို အမှန်ဖြုတ်ပါ
6.ပြီးရင် OK ကို နိုပ်ပါ
7.ပြီးရင် သင့်ရဲ့ Stick , Mp3 , Mp4 ,Camera တစ်ခုခု ထိုးလိုက်ပါ
သင့် Stick မှာ Virus ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဒီနည်းအတိုင်းပဲ လုပ်ပါ …..
*****Stick ကို Double Click နဲ့ လုံးဝ မဖွင့်လိုက်ပါနဲ့ …*****
stard ကနေပဲ right click (သို့) Window+E ကိုနှိပ်လိုက်ပါ
Folder လေးတစ်ခုပွင့်လာလိမ့်မယ် အဲ့ Folder ထည်းက ညာဘက်ချမ်းကို လုံးဝမထိပါနှင့်
ဘယ်ဘက်ချမ်းကနေပဲ သင့်ရဲ့ Stick ကိုတွေ့အောင်ရှာလိုက်ပါ
8.Removable Disk ကိုရွေးလိုက်ပါ
ဒါဆို ညာဘက်မှာ Removal Disk ထဲက File တွေ ကို မြင်ရပါပြီ …
မှိန်နေတဲ့ File တွေ ၊ Folder တွေ မရှိဘူး ဆိုရင်သင့်ရဲ့ Stick မှာ Virus မရှိပါဘူး ..
Virus မရှိခဲ့ ရင်…
My Computer >> Tools >> Folder Options မှာ View ကို Click ပြီး
Restore Defaults ဆိုတဲ့ Button လေးကို click ပါ
အရင်အတိုင်း Setting ကိုပြန်ထားလိုက်တာဖြစ်ပါတယ်
Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ
ဒီလို မဖျောက်ခဲ့ ရင်Hard disk C:\ ထဲက မှိန်နေတဲ့ 
System File တွေ မှားဖျက်မိရင် Window ပြန်မတက်နိုင်တော့ပါဘူး…
ကဲတကယ်လို့  မှိန်နေတဲ့ File တွေ Stick ထဲ မှာ ရှိတယ်ဆိုရင်တော့ ..
အဲဒီ Stick ထဲက ဘယ်ဖိုင်တွေ ၊ဖိုဒါတွေ ကို မှ သွားမဖွင့်ပါနှင့်
မှိန်နေတဲ့ File တွေ ဟာ Virus ပါပဲ Stick ထဲ က မှိန်နေတဲ့  File နော်
သင့်Computer ထဲ က မှိန်နေတဲ့  File တွေကို ပြောတာမဟုတ်ပါဘူး
***Folder မဟုတ်ဘူးနော်..File ပါ..***
.exe , .vbs , ….reg , ….com အစရှိသဖြင်. ဆုံးနေတတ်ပါတယ်
အဲဒီလို မှိန်နေတဲ့ File တွေ ၊Filder တွေ ရှိပြီ ဆိုရင်
Autorun.inf ဆိုတဲ File လေးရှိနေပါလိမ့်မယ်
အဲဒါဆိုရင်တော့ ကြိမ်းသေ Stick ထဲမှာ Virus ရှိနေပါပြီ
.exe , .vbs , ….reg , ….com တို့ကိုဘယ်လိုကြည့်မလည်းဆိုတော့
Stick ထည်းကို Righr click >> View >> Details ကိုရွှေးလိုက်ပါ
ပီးရင် အပေါ်ဘားတန်းလေးမှာ name တို့ Dare modified တို့ type တို့ size တို့
အဲ့နားက Type ဆိုတာ .exe , .vbs , ….reg , ….com ဆိုတာကိုတွေ့ရမှာပါ
မှိန်နေတဲ့ Folder တွေ ရှိနေမယ် ဆိုရင်တော့ အဲဒီ Folder ဟာ စာဖတ်သူရဲ့  data တွေ ပါနေတဲ့ 
****Folder အစစ်တွေ ပါ ..သွားမဖျက်ပါနဲ့  …****
မှိန်နေတဲ့  Folder တွေရှိပြီ ဆိုရင် တော့ အဲဒီ Folder နာမည်နဲ့ တူ တဲ့ Virus Folder ရှိနေပါလိမ့်မယ်
Virus Folder ဟာ .exe နဲ့ ဆုံးနေပါလိမ့်မယ်Folder အစစ်ဟာ နောက်မှာ ဘာ extension မှ မရှိရပါဘူးသင့် Folder အစစ်   Virus က မမြင်ရအောင်လုပ်ထားသဖြင့် မှိန်နေပါလိမ့် မယ်
ဥပမာ
Virus Folder အား name.exe ( ထင်ထင်ရှားရှားမြင်နေရပါလိမ့်မယ်
ဒါမှသာ သင့် Folder အမှတ်နဲ့ Virus ကို Click မိမှာလေ..Click မိတာနဲ့ Virus ၀င်သွားပါလိမ့်မယ့့် )
Virus Folder ကို ရွေးပြီး ဖျက်နိုင်ပါပြီ ….ဖျက်တဲ့ အခါမှာ သတိထားပြီး ဖျက်ပါ ..
Double click လုံးဝမနိုပ်မိပါစေနဲ့ ..ဖျက်ချင်တဲ့ File ကို Left Click တချက်ထဲသာနိုပ် Select ပေးပြီး
Shift + Delete တွဲ နိုပ်ခြင်းဖြင့် ဖျက်နိုင်ပါတယ် ….(သို့ မဟုတ်) ဖျက်ချင်တဲ့ File ပေါ် Right Click နိုပ်ပြီး
Delete ကို ရွေးပြီးလဲ ဖျက်နိုင်ပါတယ် …အမှိုက်ပုံးထဲကိုပါ Clean လုပ်ပေးရမှာပါ …
စာဖတ်သူရဲ့  Stick ထဲက File တွေ ကိုကိုယ် အသိဆုံးပါ
ကိုယ့် File လဲ မဟုတ်ဘူးမှိန်လဲမှိန်နေတယ် ဆိုရင်တော့ 
အကုန်သာ ဖျက်ပစ် …မှိန်နေတဲ့ Folder တွေ ရှိမယ်ဆိုရင်တော့
Folder ထဲကို Double Click နဲ့ ဝင်ပြီး အထဲက File တွေ ကို Copy ကူးယူပြီး
စက်ထဲမှာ ပြန်သိမ်းထားလိုက်ပေါ့  ဒါက နောက်ဆုံးမှလုပ်ပါ
ဖျက်သင့်တဲ့ Virus တွေ အရင်သတ်ပါ Folder က ထင်ရှားနေတယ်
နောက်မှာ .exe နဲ့ ဆုံးတယ်ဆိုရင်တော့
သွားမနိုပ်ပါနဲ့ Virus စစ်စစ်ကြီးပါ …မသနားနဲ့ …ဖျက်သာပစ်ဗျာ …..
ဥပမာ(MyFolder.exe)
ကဲအားလုံးပြီးသွားရင်တော့ System File တွေ ကို ပြန်ပြီး
မမြင်ရအောင်ဖျောက်ပစ်ရပါတော့မယ် မဟုတ်ရင် C:\ ထဲမှာ ရှိနေတဲ့ 
မှိန်နေတဲ့  file တစ်ခုခုကို မှားဖျက်မိရင်တော့ တင်ပေတော့ Windows ပဲ …
My Computer >> Tools >> Folder Options မှာ View ကို Click ပြီး
Restore Defaults ဆိုတဲ့  Button လေးကို click ပါ
Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ
ပြီးရင်တော့ Virus ကင်းရှင်းစွာနဲ့ စိတ်ကြိုက်သုံနိုင်ပါပြီ..
Avira Av-ti Virus Program လေးကို တော့တင်ထားသင့်ပါတယ်
သူသတ်လို့ ကျန်ခဲ့ တဲ့ File တွေကို မှ ကိုယ်တိုင် ဖျက်ပစ်ပေါ့  ..
တစ်ခုတော့ ရှိတယ်
ဒီနည်းတွေ ဟာ သင့် Computer မှာ Virus ကင်းစင်မှ သုံးလို့ ရမှာပါ ….
Virus ၀င်နေလို့ ကတော့  Folder Options တောင်တွေ့ ရမှာ မဟုတ်ဘူး …
ဒီနည်းကို ကျွမ်းကျင်လာရင် An-ti Virus software တောင် မလိုပဲ
Virus သတ်နိုင်ကြောင်းပါ ..
Virus File တွေဟာ Right >> Properties ကိုနိုပ်ကြည့်ရင်
Hidden နေရာမှာ အလုပ် လုပ်လို့ မရအောင်မှိန်နေတတ်ပါတယ် …..
ဒီစာမျက်နှာတစ်ခုလုံးကို Download ချချင်ရင် အပေါ်ဘားတန်း File Menu အောက်မှ
Save Page as ကိုရွေးပြီး (သို့) Crtl+s ကိုနှိပ်ပါ Computer ထဲကို
DownLoad ယူနိုင်ပါတယ် ....
Virus အားလုံးကို ကိုယ်တိုင်မြင်ဖူးပြီး
ကိုယ်တိုင် သုတ်သင်နိုင်ပါစေ ….. ဒီကနော်
မူရင်း ဆိုဒ် ။။  ။။ http://www.akarphyoe.com/2012/02/virus.html

☆☆မိမိနာမည်စာလုံးတွေကို (မီးတောက်စာလုံး၊မိုးကြိုးစာလုံးသက်တံစာလုံး)စာလုံးအမျိုးစုံရေးမယ်☆☆☆





ဒီကနေသွားမယ်နော်




အဲမှာပြထားတဲ့တွေမှာမိမိ ကြိုက်တဲ့ စာလုံးဒီဇိုင်းကိုရွေးလိုက်ပါနော်။
ကျွန်တော်ကတော့ မီးတောက်စာလုံးကိုရွေးလိုက်ပါတယ်။
အဲမှာ Burning ဆိုတဲ့နေရာမှာ မိမိကြိုက်တဲ့နာမည်ကိုရေးလိုက်ပါနော်။

အဲမှာ Burning ဆိုတဲ့နေရာမှာ မိမိကြိုက်တဲ့နာမည်ကိုရေးလိုက်ပါနော်။
ကျွန်တော်ကိုတော့ မာစတာဘင်းဘဲရေးလိုက်ပါတယ်။
50 ဆိုတဲ့နေရာက စာလုံးအရွယ်ကိုကြိုက်တစ်လိုပေးလို့ရပါတယ်။
အနီရောင်နဲ့ Text ပြထားတာတော့ မိမိကြိုက်တဲ့အရောင်ပေးလို့ရပါတယ်။
15ကတော့မလိုပါဘူး။
အဖြူရောင်နဲ့ Background ကတော့ နောက်ခံအရောင်ကိုရွေးလို့ရပါတယ်။
အားလုံးကြိုက်တာလုပ်ပြီးရင်း Render Logo ကိုနှိပ်လိုက်ပါ။
မာစတာဘင်းဆိုလေပေါ်လာရင်း ကိုယ့်စာလုံးကို Dowanload လုပ်ပြီးမိမိ ကွန်ပျူတာမှာ
သိမ်းမှာလား(သို့မဟုတ်)နိုင်းဆိုဒ်တွေမှာ လက်ဆောင်ပေးချင်တယ်ဆိုရင်း
Get HTML Code ကိုနှိပ်လိုက်ပါနော်။
အဲသာဆိုရင်း I Agree ကိုနှိပ်လိုက်ပါနော်။
အဲမှာ HTML ကုဒ်ပေါ်လာပါပြီး။
ကုဒ်ကိုကူးယူပြီး နိုင်းဆိုဒ်တွေမှာ လက်ဆောင်အဖြစ်ပေးလို့ရပါပြီးခင်ဗျာ။
အားလုံးဘဲကြိုက်မယ်လို့မျှော်လင့်မိပါတယ်။
အားလုံးကိုခင်မင်လေးစားလျက်
မာစတာဘင်း
အဆင်မပြေများရှိခဲ့ပါက mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။

မလိုတဲ့ EMAILS တွေကို ကိုယ့်ဆီ လုံးဝ ဆက်သွယ်လို့မရအောင် Block လုပ်နည်း




  Gmail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2.  Settings ကိုနှိပ်ပါ
3. Filters ကိုနှိပ်ပါ
4. “Create a new filter“, ကိုနှိပ်ပါ
5. Email From မှာကြည့်ပြီး မလိုတဲ့မေးလ်တွေကို ထည့်ပါ ဒီနေရာမှာ ကြည့်ကျက်လုပ်လိုက်ပေါ့နော် အသေးစိတ်ပြောဖို့ မလိုအပ် ဘူးထင်လို့ပါ ဒိုမိန်းလဲရတယ်နော် မေ့မှာစိုးလို့
6.  Next Step ကိုနှိပ်ပါ blocked emails တွေကို select  လုပ်ပါ  Delete လုပ်ပေးလိုက် blocked email တွေ အားလုံး trash ဖိုင်ထဲရောက်သွားပါမယ် unblock လုပ်ချင်ရင် filter လုပ်ထားတာကို ဖျက်ပစ်လိုက်ရင်ရပါပြီor Yahoo mail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2. Options ကိုနှိပ်ပါ
3. MOptions ကိုနှိပ်ပါ
4. ညာဘက်မှာ option Filters ကိုရွေးပါ   create (သို့) edit filters ကို နှိပ်ပါ
5.  Add ကိုနှိပ်ပါ
6.နောက် screenမှာ,  block ချင်တဲ့ email address ပုံစံအောက်မှာ filter နာမည်ပေးချင်ပေးပေါ့
 Move the message to: Trash ပြီးရင် Save Changes
Hotmail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2. Options ကိုနှိပ်ပါ
3. MOptions ကိုနှိပ်ပါ
4. Safe ကိုနှိပ်ပါ Junk e-mail အောက်မှာ blocked senders link ရှိပါတယ်
5. Blocked senders ကိုနှိပ်ပါ
6. blocked e-mail address အောက်မှာ သင်မလိုချင်တဲ့ မေလ်းကိုထည့်ပါ သို့မဟုတ် domain field ပေါ့ဗျာ
ဟဲဟဲ ဒီနည်းပညာ မသိသေးသူများ ဒီပိုသ့်ကိုဖတ်ပြီး ကျွန်တော့်ကိုတော့ သောက်မြင်ကပ်တယ်ဆိုပြီး လုပ်နဲ့ အဲ လုပ်ချင်လဲ လုပ်ပေါ့ ။။ ။။
မူရင်း ဆိုဒ် ။။ ။။ http://www.akarphyoe.com/2012/06/emails-block.html

TuneUp Utilities 2012 Full Version လေးလာပါပြီ

မင်္ဂလာပါခင်ဗျ..။
သူငယ်ချင်းများ အတွက်အသုံးဝင်မယ်ထင်လို ဒါလေးတင်လိုက်ရတာပါ..။
သိတဲ့သူတွေလဲသိကြပြိးဖြစ်မှာပါ..။ အလွယ်တစ်ကူ ဒေါင်းလိုရအောင်လို..။

TuneUp Utilities 2012 Full Version လေးလာပါပြီ

TuneUp Utilities 2012 Full Version 
Download

DOWNLOAD HERE

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ


သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-
အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။
အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....) အောက်မှာတော့ ကျနော်က ပုံလေးတွေနဲ့ ပြန်ရှင်းပြ ပေးထားပါတယ်..။
 Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။

အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။ Filter ဘေးက search အကွက်ထဲတွင် ၄င်းစာသားအား copy - paste နှင့် ထည့်ရှာပါ..။

ဒုတိယ network.http.proxy.pipelining ကိုထပ်၇ှာပါ။ အပေါ်နည်းအတိုင်း ကူးထည့်ပါ...။

 တတိယ network.http.pipelining.maxrequests ကိုထပ်၇ှာပါ..။ အပေါ်က နည်းအတိုင်း ကူးထည့်ပါ..။

နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။

 နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။
ဒီအောက်က နောက်တနည်းကတော့ မောင်စေတနာဆိုဒ်မှ ကူးယူဖေါ်ပြပါသည်...။ လုပ်နည်း များသောကြောင့် ပုံများနှင့် မဖော်ပြတော့ပါ...။ (Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု
၁။ Pipelining ကို Enable ပြုလုပ်ခြင်း
ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။
၂။ Content switch threshold ကို လျှော့ချခြင်း
အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။
၃။ Flash ကို Block ခြင်း
Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။
၎။ cache အရွယ်အစားကို တိုးစေခြင်း
သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။
၅။ Render မြန်စေခြင်း
ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။
အသုံးဝင်မယ်ထင်လို့    မောင်စေတနာ  ဆီမှပြန်လည်မျှဝေဖော်ပြပေးထားပါတယ်ခင်ဗျာ..
အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ......
မူရင်လင့်။။  ။။ http://lwinminbo.blogspot.com/2012/03/mozilla-firefox-speed.html

☆☆☆Mozilla Firefox (ခေါ်)Google ကို လှပတဲ့ပုံတွေအစားထိုးပြီးသုံးမယ်☆☆☆


အခုတင်ပြမဲ့နည်းလေးကတော့ Mozilla Firefox မှာ လှပတဲ့ပုံတွေအစားထိုးပြီးသုံးတဲ့နည်းလေးပါ။
သူငယ်ချင်းတွေကြိုက်မယ်လို့မျှောင်လင့်မိပါတယ်။
ကျွန်တော် မြားပြထားတဲ့နေရာမှာ မိမိကြိုက်တဲ့ ဒီဇိုင်းတွေကိုရွေးလို့ရပါတယ်။
ကျွန်တော်ကတော့ A Bule Fox Theme ကိုရွေးလိုက်ပါတယ်။
အောက်က Continue to Download In ကိုနှိပ်လိုက်ပါ။
အဲလိုလေးပေါ်လာရင်း Add to Firefox ကိုနှိပ်လိုက်ပါ။
အဲလိုဘောင်လေးပေါ်လာရင်း Bulr Fox ပေါ်တစ်ချက်နှိပ်ပြီး Insatall ကိုနှိပ်လိုက်ပါပါ။
ခဏစောင့်ပါ။
Restart Now ပေါ်လာပါမယ်  အဲလိုကိုနှိပ်လိုက်ပါ။
ကွန်ပျူတာ Restart ကျသွားတာမဟုတ်ပါ။
Mozilla Firefox ကျသွားတာဖြစ်ပါတယ်။
ပြီးရင်း  Mozilla Firefox ကိုပြန်ဖွင့်လိုက်ပါ။
 အဲဒီမှာကြည့်လိုက် Mozilla Firefox လေးပြန်သွားပါပြီး။
သူငယ်ချင်းတွေလုပ်ကြည့်လိုက်ပါ။
ကြိုက်မယ်လို့လဲမျှော်လင့်မိပါတယ်။
အဆင်မပြေများရှိခဲ့ပါက mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။
အားလုံးကိုခင်မင်လေးစားလျက်
မာစတာဘင်း

Acer Aspire 4349 drivers free download

ဒီကောင်လေးကတော့ ကျနော့်သူငယ်ချင်း တစ်ယောက် လာပေးသွားတာပါ..။ သူ့သူငယ်ချင်းရဲ့ စက်ကို ပြင်ပေးရင်းနဲ့ ရလာတာပါ..။ နောက်ပိုင်းသူလိုအပ်တဲ့အခါ ပြန်ရှာရလွယ်အောင်နဲ့ တခြားသူများပါ သုံးလို့ ရအောင် ပြန်ရှယ်ပေးလိုက်တာပါ..။ ဖိုင်ဆိုဒ်ကတော့ 37.9 MB ရှိပါတယ်..။ ပါလာတဲ့ Drivers တွေကတော့ အောက်ပုံထဲက အတိုင်းပါပဲ...။

ပထမဆုံးသိဖို့လိုတာက Shut down, Restart, Sleep

ပထမဆုံး စက်ဖွင့်တာတော့ သိကြပါတယ် ..။ ပါဝါခလုတ်ကို ဖိပြီးနှိပ်လိုက်ရင် စက်ပွင့်သွားပါပြီ.. စက်ပွင့်ပွင့်ချင်း သုံးလို့မရသေးပါဘူး ..။ ခဏတော့ စောင့်ပေးရမှာပါ.. ဘာလို့လည်းဆိုတော့ ကွန်ပျူတာက သူ့ရဲ့ ဟတ်ဒစ်ထဲမှာရှိတဲ့ ဆော့ဝဲလ်တွေကို နေရာချနေလို့ပါ...။ အဲဒီလိုအချိန်မှာ မောက်စ်ရဲ့ဘေးမှာ အလုံးလေးက လည်နေပါလိမ့်မယ်..။ အဲဒီလည်နေတဲ့ အလုံးကလေး ပျောက်သွာပြီဆိုမှ ကိုယ်လုပ်ချင်တာကို လုပ်ရမှာပါ..။ ကိုယ်သုံးချင်တာတွေသုံးပြီးလို့ စက်ပိတ်တော့မယ် ဆိုရင်တော့ Start ကိုအရင်သွားပါ ..။ တချက်တောက်လိုက်ရင် Box ကျလာပါလိမ့်မယ်..။
အဲဒီထဲမှာ Shut down ကိုနှိပ်လိုက်ပါ..။ ဒါဆိုရင် စက်က အပြီးပိတ်သွားပါပြီ..။ တကယ်လို့ စက်ကိုခဏအနားပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ကိုယ်က ကိစ္စပေါ်လာလို့ အပြင်သွားရမယ်၊ အိမ်သာသွားမယ်ဆိုရင် စက်ကို Sleep နဲ့ထာခဲ့လို့ရပါတယ်..။ Sleep ကတော့စက်ကို ခဏအိပ်ခိုင်းတဲ့ သဘောပါ..။ ခဏအနားပေးလိုက်တာပါ..။ စက်ထဲမှာကိုယ်လုပ်ထားတဲ့အလုပ်တွေ ၊ ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေ ဒီအတိုင်းရှိနေပါတယ်.. ပျက်မသွားပါဘူး..။ ကိုယ်အားတဲ့အချိန်မှ စက်ရဲ့ခလုတ်တခုခုကိုနှိပ်လိုက်ပါ..။ ဒါမှမဟုတ် ပါဝါခလုတ်ကို နှိပ်လိုက်ပါ..။ ကိုယ်ထားခဲ့တဲ့အတိုင်း အားလုံးရှိနေပါတယ်..။ ပျက်မသွားပါဘူး...။ နောက်တစ်ခုက Restart ပါ .. ။ သူကတော့ စက်ကို ပိတ်ပြီး သူ့အလိုလို ပြန်ပွင့်လာစေပါတယ်..။ ဘယ်အခါမျိုးတွေမှာ အသုံးများလဲဆိုတော့ ကွန်ပျူတာကို အမှိုက်တွေရှင်းတဲ့အခါမျိုးတွေ၊ ဖိုင်စီတဲ့အခါမျိုးတွေ (ဖိုင်စီနည်း နောက်မှပြောပြပါမည်)၊ တချို့ဆော့ဝဲလ်သွင်းတဲ့ အခါမျိုးတွေ (ဥပမာ ဇော်ဂျီမြန်မာဖောင့်၊ nero burning studio ဆိုတဲ့ဆော့ဝဲလ်မျိုးတွေ စက်ထဲသွင်းပြီးတဲ့အခါမျိုးတွေမှာ) Restart ကိုသုံးရပါတယ်...။
     Windows7 ခေတ်ဖြစ်နေတဲ့အတွက် Windows7 မှာအသုံးပြုနိုင်တာတွေကိုပဲ ဦးစားပေးတင်ပေး သွားမှာပါ.. Windows XP နဲ့ Windows Vista တွေမှာလည်း အသုံးပြုနိုင်ပါတယ်.. အနည်းငယ်ပဲကွာတာပါ..။

☆☆မိမိအိမ်မှာနာရီလေးတွေထည့်ပြီးအလှဆင်မယ်(သို့မဟုတ်)မိမိသူငယ်ချင်းတွေကိုလက်ဆောင်ပေးမယ်☆☆☆

 အခုတင်ပြမဲ့နည်းလေးကတော့ မိမိအိမ်မှာ နာရီနဲ့အလှစဉ်မယ်(သို့မဟုတ်)သူငယ်ချင်းတွေကို
လက်ဆောင်ပေးနည်းလေးပါ။
အဲမှာ မိမိကြိုက်တဲ့ နာကိုရွေးလိုက်ပါ။
အဲမှာ HTLM CODE ကိုနှိပ်လိုက်ပါ။
အဲလိုလေ ကုဒ်ပေါ်လာပါပြီး။
မိမိအိမ်ကိုထည့်မယ်ဆိုရင်း မိမိအိမ်ကိုသွားလိုက်ပါ။
အဲမှာ ပြင်ရင်ဆိုတာကိုနှိပ်လိုက်ပါနော်။
HTML ကိုနှိပ်ပြီး မှာ ကုဒ်ကိုထည့်ပါနော်။
အဲဒါမှထည့်လို့ရပါတယ်။
ပြီးရင်း Save ကိုနှိပ်လိုက်ပါ။
ကဲနာရီလေပေါ်လာပါပြီး။
သူငယ်ချင်းတွေလက်ဆောင်ပေးမယ်ဆိုရင်း မိမိပေးချင်တဲ့သူငယ်ချင်းအိမ်ကိုသွားလိုက်ပါနော်။
ခင်ရွှန်းလဲ့ဝေ ကိုအမှတ်တရစကားရေးရန် ဆိုတဲ့နေရမှာပါ။
သူကိုလဲ HTLM နှိပ်ပြီးမှ ထည့်လိုက်ပါ။
ပြီးရင်း မှတ်ချက်ထည့်မယ်ဆိုတာကိုနှိပ်လိုက်ပါ။
လက်ဆောင်ရောက်သွားပြီး။
အားလုံးလဲကြိုက်မယ်လို့မျှော်လင့်မိပါတယ်။
အာလုံးကိုခင်မင်လေးစားလျက်
မာစတာဘင်း

stick ထဲ autorun.inf folder လေးဆောင်ပြီး autorun.inf virus လေး ကာကွယ်ကြမယ်..။

မင်္ဂလာပါ ခင်ဗျ..
သူငယ်ချင်း တော်တော်များများရဲ့  ဝေသနာကို ကုစားနိင်မလားဆိုပြီး ဒီပိုစ့်လေးရေးဖြစ်လိုက်တာပါ..။
ကွန်ပြုတာ သုံးတဲ့သူတိုင်း stick သုံးကြပါတယ်..။
အင်တာနတ် သုံးတဲ့သူတိုင်း stick သုံးကြပါတယ်.။
တော်တော်များများ stick ထဲမှာ.. autorun.inf virus ရှိတယ် ဗျ..။
အကြောင်းရင်းက ...
ပထမ Rum Box ခေါ်လိုက်ခင်ဗျာ..။ window + Rနဲလဲ ရပါတယ် ဒါမှမဟုက် အောက်မှာ မှာအပုံပြထားတဲ့အတိုင်း
Rum Box ထုပ်ထားတဲံ ကွန်ပြုတာဆိုရင် window က နေ Rum ကနေ ပြီ သွားပေါ့ဗျ..။
(အလွယ်နည်း မသိသေးတဲ့သူအတွက် အသေစိတ်ပြထားတာဖြစ်ပါတယ်..။)
ပြီးရင် ..အောက် က အပုံ လို Rum Boxလေး ကျလာလိမ်မယ်ခင်ဗျ..။
အဲမှာပြထားတဲ့ အတိုင်း Rum Box ထဲကို cmd ဆိုတာလေး ရိုက်ထည့်လိုကခင်ဗျ..။
ပြီးလျင် OK ပေါ့ နော့်..။

ပြီးရင် အောက် အပုံလို cmd ကြလာပါလိမ်မယ်..။
အဲ အပုံ ထဲမှာ မျှားပြပြိး ၀ိုက် ပြထားတာ တွေပါလိမ်မယ်.။
ပထမ cmd ထဲ မိမိ ရဲ memory stick ရဲ့  drive name ဖြစ်တဲ့... ဥပမာ မိမိရဲ memory stick ရဲ့ drive name က
ဒီအပုံထဲံကလို G ဖြစ်နေဆိုလျင် ..“

ွcmd box ထဲ G: --- ဒီလို လေး ရိုက်လိုက်ခင်ဗျ...။ ပြီး ရင် Emter ပေါ့ဗျာ..။
နောက် တစ်ခါ မျှားထက်ပြထားသလို [ md autorun . inf ] ဆိုပြီး ရိုက် ပြီးရင် Emter ပေါ့ဗျာ..။
နောက် တစ်ဆက်ထဲဘဲ နောက်တစ်ကြောင်း ထက် ပြီး[ md autorun . inflcoml ] လိုရိုက် ပြီးရင် Emter ပေါ့ဗျာ..။


အဲဒါဆို မိမိ momery stick ထဲ autorun.inf folder လေး ၀င်နေလောက်ပြီး ခင်ဗျ..
အောက်က အပုံကိုကြည့်ပါ..။ အဲဒီ autorun.inf folder လေး ၇ှိရင် virus ရဲ့ autorun file မ၀င်တော့ဘူးပေါ့
ဗျာ..။
အဲ ဒီ autorun.inf folder လေးကို delete နဲ ဖျက်လို မရဘူးဗျ..
သူကို ပြန်ဖျက်ချင်ရင်တော..။ cmd ထဲ ခဏက ရိုက်ထည့်လိုက်တဲ့...
[ md autorun . inf ] နဲ့  [ md autorun . inflcoml ] ကို ပြောင်းပြန် ပြန်ရိုက်ထည့်လိုက်ရင် ရပြီးခင်ဗျာ..။


အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျာ..။
နေမင်းသူ (သထုံသားလေး)

Virus ကာကွယ်ရေးအတွက် လမ်းညွှန် (၂၃) ချက်

၁။ Anti-virus ဆော့ဖ်ဝဲလ်တွေဟာ မလုံလောက်ပါ။ ‘Removal tools’ ကိုinstall လုပ်ပါ။ (virus ကာကွယ်ရေး ဆော့ဖ်ဝဲလ် တွေဟာ ပီစီ ကို spyware ဒါမှမဟုတ် adware တွေငြိကပ် ကူးစပ် တဲ့အခါ မဆိုင်သလို လုပ်နေလေ့ ရှိတတ်ပါတယ်။
၂။ spyware/adware removal tools ကိုအနည်းဆုံး၂ခုထားပါ။ (anti-virus tool တွေ ကသာ အချင်းချင်း ရန်စောင် ပြဿနာ တက်တတ် ကြပေမယ့် spyware ကာကွယ်ရေး ဆော့ဖ်ဝဲလ်တွေ ကတော့ အချင်းချင်း သင့်မြတ် ကြလေ့ ရှိပါတယ်။
၃။ Firefox လား? IE လား? သေချာစွာ စဉ်းစားပါ။ (များသောအားဖြင့် spy-ware တွေဟာ အဲဒီလို browser နှစ်ခုအကြား ဗျာများ နေတဲ့ အချိန်မှာ ဝင်လာ တတ်ပါတယ်။ တချို့ website တွေ ဟာ တတ်ပါတယ်။ တချို့website တွေဟာတတ်ပါတယ်။ တချို့ website တွေဟာ IE နဲ့အလွမ်း သင့်ပြီး တချို့ကျတော့ firefox နဲ့မှ အဆင်ပြေ တတ်ကြတဲ့ အတွက် တွေဝေမှုကို လျှော့ချပါ။
၎။ P2P ကွန်ရက်ကို သတိထားပါ။ (’.torrent’ တွေကနေ တစ်ဆင့် adware/spyware တွေ ကူးစက်တတ်တာ ခုနောက်ပိုင်းမှာ ပုံပြင် သစ်တွေ ဖြစ်လာနေပါပြီ။ မလိုအပ်ရင် P2P မသုံး ဘဲ ရိုးရိုးသာ download ချပါ။
၅။ Bazooka Scanner ကို down-load ရယူပါ။ (spyware,adware) ရှိမရှိ အဓိက စစ်ဆေးပေးတ bazooka scan-nerကိုအခမဲ့ ရနိုင် ပါတယ်။
၆။ ဆော့ဖ်ဝဲလ် update ကို ကိုယ်တိုင်တိုင် လုပ်ပါ။ (တစ်ခါတလေမှာ ဆော့ဖ်ဝဲလ် update လုပ်ပေးပါမယ် ဆိုတိုင်း အတင်းကာရာ လက်မခံ လိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်မဖြစ် စစ်ဆေးပါ။)
၇။ firewall ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ပါ။ (ဥပမာ Zonealarm လိုမျိုး firewall ဟာ အမြင်ကတ်စရာ ကောင်းလောက်အောင်ကို တာဝန်ကျေပြီး ကိုယ်သုံးစွဲ ချင်တဲ့၊ ယုံကြည်ရတဲ့ software list တွေကို သူ့ကို ပေးထား လိုက်ရုံနဲ့ အဆင်ပြေပါတယ် firewall ထားရှိတဲ့အတွက် RAM ကတော့ မသိမသာ ထပ်လိုပါမယ်။)
၈။ EULA ကို ဖတ်ပါ။ (end user license agreement ဆိုတာဟာ ဆော့ဖ်ဝဲတိုင်းနဲ့ website အတော် များများမှာ ပါဝင် တတ်ပါတယ်။ ဆော့ဖ်ဝဲလ် အသစ်တစ်ခုဟာ ကိုယ့်နဲ့ မရင်းနှီးသေး ရင် EULA ကို အဓိကထားပြီး ဖတ်ရှုပါ။
၉။ back up လုပ်ပါ။ back up လုပ်ပါ။ back up လုပ်ပါ။ (ပညာရှင်တိုင်း လိုလိုက data တွေကို back-up လုပ်ဖို့ အကြံပြုခဲ့ပေမယ့် user တိုင်းလိုလိုက မေ့လျော့ နေကြဆဲပါ။ အရေးကြီးတဲ့၊ တန်ဖိုးရှိတဲ့ အချက်အလက်တွေ မဆုံးရှုံးစေဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုက back up လုပ်ခြင်းပဲဖြစ်ပါတယ်။)
၁၀။ home page ပြောင်းလဲ သွားတာမြင်တာနဲ့ scan လုပ်ပါ။ (ကိုယ်တိုင်မသိလိုက် ပါပဲနဲ့ home page ပြောင်းလဲ သွားပြီ ဆိုတာနဲ့ ချက်ချင်း scan လုပ်ပါ။ အဲဒါဟာ spyware ဖြစ်ဖို့ အခွင့်အလမ်း များနေပါပြီ။)
၁၁။ window ကို အဆင့်မြှင့် တင်ပါ။ (အကယ် XP သုံးစွဲနေရင် service pack 2 ကို ပြောင်းလဲ သင့်ပြီး XP SP2 သုံးစွဲနေရင် vista ကို အဆင့်မြှင့် တင်သင့် ပါတယ်။ လူသိ နည်းနေတဲ့ OS ဟာ အတိုက်အခိုက် ခံရမှု နည်းပါး နေဦးမှာပါ။)
၁၂။ ကြော်ငြာတွေဟာ spyware တွေလား။ (မသေချာပါ။ ကြော်ငြာတိုင်းဟာ spyware မဟုတ်သလို spyware တိုင်း ကတော့ Advertising တိုင်းဆီကနေ ၀င်ရောက် လာတာပဲ ဖြစ် ပါတယ်။)
၁၃။ Keylogger တွေကို ကာကွယ်လို့ ရနိုင်ပါတယ်။ (တကယ်လို့ကိုယ်ပိုင် ဗဟုသုတ နည်းပါး နေရင် keylogger တွေ ရဲ့ သွင်ပြင် လက္ခဏာ တွေကို ရှာဖွေ ဖတ်ရှုပါ။ ‘Ctrl+Alt+Del’ သုံးစွဲပြီး system မှာ run နေတဲ့ မသင်္ကာတဲ့ ‘exe’ ဖိုင် မှန်သမျှကို ဖယ်ရှား ပစ်ပါ။ အဲဒီလို ဖယ်ရှား ပစ်ခြင်း အားဖြင့် system ဖိုင်အစစ်တချို့ ဆိုရင် လတ်တလောမှာ အလုပ် မလုပ် တော့တာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါ။)
၁၄။ အများသုံး ကွန်ပျူတာတွေ ဆီမှာ ကိုယ်ပိုင် အချက်တွေ မသုံးစွဲ ပါနဲ့။ (လူအများနဲ့ စပ်တူ သုံးစွဲရတဲ့ ကွန်ပျူတာ တွေဆီမှာ လိုအပ် ချက် ကြောင့် (ဥပမာ cyber cafe လိုမျိုး နေရာ) ကိုယ်ပိုင် အချက်အလက်တွေ သုံးစွဲ ရမယ်ဆိုရင် သတိ ထားပါ။ ကွန်ပျူတာကနေ ထွက်ခွာ မယ်ဆိုင်ရင် ကိုယ့် history တွေကို ရှင်းလင်းပစ်ခဲ့ပါ။
၁၅။ Upload ဖိုင်တွေကိုလဲ သတိထားပါ။ (ဓာတ်ပုံ သို့မဟုတ် အခြား အချက် အလက်များ မဖြစ်မနေ တင်ပို့ ရပြီ ဆိုပါရင် secure ရှိတဲ့web host တွေကို သုံးစွဲပါ။)
၁၆။ anit-spyware software အခမဲ့ပေးတဲ့ website- ဥပမာအားဖြင့် AVG anit-spyware website ကနေ အခမဲ့ ပေးထား ပါလျက်နဲ့ download ချလို့မရနိုင်တာမျိုးရှိပါတယ်။ (အဲဒါဟာ သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပီစီမှာ spyware ၀င်နေတာကို AVG ကသိနေ လို့ပါ။ နောက်တစ်မျိုးက ကိုယ့်ရဲ့ spyware က anti-spyware ကိုလက်မခံလို့ပါ။ ဒါဆိုရင်တော့ သတိကြီးကြီးနဲ့ ရှင်းလင်းပစ်ရပါလိမ့်မယ်။)
၁၇။ DOS တိုက်ခိုက်မှု ရှိလာနိုင်သလား။ ကွန်ပျူတာရဲ့ အတွင်းပိုင်းစနစ်အထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ P2P network မှာ ကိုယ်မသိတဲ့ လူတွေဆီကို sharing မလုပ်ဖို့နဲ့ အခမဲ့ရတဲ့ software တိုင်းကို မယုံကြည်ဖို့ zip/ rar file တွေကို သတိ ထားဖို့ လိုပါမယ်။
၁၈။ icon တွေကို desktop ပေါ်မှာအတင်းအကျပ် နေရာယူပြီဆိုရင် spyware ဖြစ်နေပါပြီ။ (ဆော့ဖ်ဝဲတိုင်းမှာ desktop icon shortcuts သဘောမျိုးဖန်တီးပေးပေမယ့် သုံးစွဲသူ ခွင့်မပြု ဘဲ နေရာ မယူတတ်ကြပါ။)
၁၉။ အချက်ပေးပုံသဏ္ဍာန်တွေ မှားယွင်နေတဲ့အခါ anti-spyware ဆော့ဖ်ဝဲလ်တွေဟာ ပြီးပြည့်စုံမှု မရှိပါ။ သူတို့ကိုရှင်းလင်း ပစ်တိုင်းမှာ uninstall ကို အသေအချာ ပြုလုပ်ပါ။ သဘောတရား အရပြောရရင် anti-spyware ဆော့ဖ်ဝဲလ် ကိုယ်က spyware တစ်ခုပါပဲ။
၂၀။ Remote Access Trojan ဆိုတာ virus လိုမျိုး။ program ငယ်ကလေး တစ်ခုကို ကွန်ပျူတာ စနစ်အတွင်း ကိုယ်မသိ လိုက်ရပါပဲ ၀င်ရောက်စေခဲ့ပြီး အဲဒီပရိုဂရမ်ကလေးဟာ ကိုယ်လုပ်နေ သမျှသတင်းအချက်တွေနဲ့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စ၀ိစ္စ မှန်သမျှကို ပိုင်ရှင် ဆီကို သတင်းပြန် လည်ပေးပို့နေလေ့ ရှိပါတယ်။
၂၁။ Drive-By Download ဆိုတာ အဓိက အားဖြင့် ပုဂ္ဂလိက အချက်အလက်တွေနဲ့ လုံခြုံမှုကို ထိပါးစော်ကားတဲ့ တိုက်ခိုက်မှုတစ်မျိုးကို ခေါ်ဆိုပါတယ်။ တကယ်လို့ ကြော်ငြာ pop-up တွေကို သတိထားပြီး တားဆီးမယ်ဆိုရင် တိုက်ရိုက်ထိတွေ့ခံရမှု မရှိနိုင်ပါ။ Pop-up blocker ပါဝင်တဲ့ firefox လို borwser မျိုးကို သုံးစွဲသင့်ပါတယ်။
၂၂။ Search bar တွေကို မယုံကြည်ပါနဲ့။ google.com နဲ့ google toolbar… Yahoo နဲ့  Yahoo toolbar တို့လို ယုံကြည်စိတ်ချ ရတဲ့ အရာတွေ ရှိနေပြီးတဲ့ အချိန်မှာ web ကို အထူး ရှာဖွေပေး မယ် ဆိုတဲ့ toolbar တွေကို ယုံကြည်ကိုးစား မနေပါနဲ့တော့။ www.google.com လို့ address bar မှာ ရိုက်လိုက်ရတာဟာ မရေရာ မသေချာတဲ့ toolbar တွေကို install လုပ်လိုက်နေတာထက် အများကြီး လုံခြုံမှုရှိပါတယ်။
၂၃။ ဒီနေရာကိုသွားပါ။ Virus နဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို ပုံမှန် သတင်းပေးရင်း ကာကွယ် ဖို့နည်းလမ်းတွေကို အခမဲ့ ဖြန့်ချီနေတဲ့ နေရာတွေ ရှိသလို အခု website တွေကတော့ spyware, adware, malware စတာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ သတင်း တွေ၊ tools တွေ၊update new တွေ ရနိုင်ပါတယ်။. ။
by-Ko lin Thalarwaddy
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ မေလ၊ အမှတ် ၁၇၁) —
မူရင်း(http://www.kzarboworld.com/profiles/blog/show?id=5098850%3ABlogPost...)

gtalk နည်းပညာ အတိုအထွာများ..။


Gtalk မှာမိမိ နေစဉ်ချက် နေသမျှစာတွေက Mail က မှတ်ထားပေးတယ်ဗျ...။ အကိုတစ်ယောက်က သူ လူမှုရေးပြသနာလေးကြောင့်

သူကျူပြီးသားစာကို ပြန်ကြည့်လိုမရစေချင်ဘူးလိုပြောလို သတိရသွားတာနဲ တင်ပြလိုက်တာပါ..။ ning ဆိုဒ်တွေနဲလဲ Email အ၀င် စာပိတ်သလိုပေါ့ဗျာ..။ အောက်ကအပုံလို ..ပထမ မိမိရဲ Gtalk ဖွင့်ပေါ့ဗျာ . နောက် မိမိ GTalk settings ၀င် ပေါ့..


ပြီးတာနဲ အောက်က Gtalk setting ထဲက chat ထဲ သွား ပြီးလျင်... အောက် ပြထားတဲ့ အကွက်နှစ်ကွက် ထဲကစာက ဖတ်လိုတတ်မှာပါ

မှတ်မှလား မ မှတ်ဘူးလား ပြောထားတာဗျာ လိုရာအမှန်ခြစ်လေးပေးပြီး ok လိုက်ရင်အဆင်ပြေပြီး..။



ကဲ နည်းနည်းလေးပို အားမရဖြစ်နေလား အဟီး ကလေအတွးနည်းပညာပေါ့ဗျာ..။
ကျူနေကြတဲ့ ကိုကိုမမ များအတွက် (မသိသေးတဲ့သူအတွက်)ေ၇ွှတုံးကြီးဖြစ်နေလိမ်မယ်..။
နေမင်းသူ(သထုံသားလေး)
************************************************************************************************************
မိမိအကောင့်ထဲမှာ ရှိသော သူငယ်ချင်းများ အားလုံးကို တစ်ပြိုင်နက်တည်း မေးလ် ပို့လိုသော်
၁။ G-mailထဲကို ၀င်ပါ။
၂။ compose mail ကို နှိပ်ပါ။

၃။ To ကို နှိပ်ပါ။ စာမျက်နှာတစ်ခု ပေါ်လာပါမယ်။

၎။ ပေါ်လာတဲ့ စာမျက်နှာထဲကို
My contacts က နှိပ်ပါ။

၅။ ပေါ်လာသည်ထဲမှ All contacts ကို နှိပ်ပါ။

၆။ Select နှင့် Noneတို့ရဲ့ အလယ်က All ကို နှိပ်ပါ။ ခဏစောင့်ပါ။
အကောင့်းတွေကို အမှန်ခြစ် ခြစ်ပေးပါလိမ့်မယ်။

၇။ အောက်ဆုံးက Done ကို နှိပ်ပါ။

မှတ်ချက်- မေးလ်ပို့ပုံကတော့ ပို့ရိုးပို့စဉ်အတိုင်းပါပဲ။ မေးလ် လိပ်စာရေးမည့် To
နေရာမှာပဲ ပြောင်းပေးရတာပါ။
အိုကေနော်........... ဒါတော့ ပုံနဲမပြေတော့ဘူး..။
************************************************************************************************************
Gtalk Account အမည်များ ဖျက်လိုခြင်း
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေတစ်ဦး ရောက်ရှိလာပြီး အကူအညီတောင်းခံလေသည်။ အင်တာနက် ဆိုင်များ၌ ၎င်း၏ Gtalk Account သုံးစွဲရာတွင် Sign out လုပ်ပြီးချိန်တွင် Gtalk Account အမည်များ ကျန်ရှိနေခဲ့သည်ကို မလိုလားကြောင်း ဖျက်လိုရနိုင်ပါက ဖျက်ရမည့်နည်းလမ်းကို သိလိုကြောင်း မေးမြန်းလေသည်။

ကျွန်ုပ်သည်လည်း ဖျက်ရမည် နည်းလမ်းရှိကြောင်း၊ သေချာမှတ်သားသွားရန် မှာကြားပြီး အောက်ပါ အတိုင်း ပြုလုပ်ရန် သင်ပြလိုက်လေသည်။

၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

အထက်ပါအတိုင်းပြုလုပ်ရင် Gtalk Account အမည်များ ပျက်သွားမည် ဖြစ်ကြောင်း ပြောကြားရာ ကျေးဇူး တင်ကြောင်း ပြောကြားပြီး ပြန်သွားလေတော့သည်။

မိမိ Desktop မှာ မြန်မာစာ ရိုက်လိုမပေါဘဲ အတုံးအတုံးလေးတွေဖြစ်နေပါက....။

မင်္ဂလာပါ..။
ဒါလေးက အညံစားဘလော့ပေါ့ဗျာ..။
ဒါက တော်တော်များများသိကြပါတယ်..။ မသိသေးတဲ့ သူငယ်ချင်းများအတွက် ပေါ့..
မြန်မာစာမပေါပါက........ ပထမ Desktop မှာ ညာကလစ်ပေါ့ဗျာ.
ပြီးလျင် အောက်ကအပုံအတိုင်း personalize ထဲ ၀င် ...ပြီးလျင် အောက်ကအပုံတိုင်းပေါ့ဗျာ..။
Wiondow Colour ထဲ ၀င်ဗျ..။

ပြီးလျင်.. အောက်ကအပုံလိုပေါ့ဗျာ... item မှာ icon ကိုရွှေးလိုက်ပါ..။



ပြီးလျင် ...... အောက် ဖောင့် မှာ ဇော်ဂျီ ၀မ်း (မြန်မာလို) ပြောင်းလိုက်ပေါ့ဗျာ..။
ပြီရင် apply >>>> ok / ဆို ရပြီးပေါ့ဗျာ.....


အဆင်ပြေကြပါစေခင်ဗျ..။
နေမင်းသူ(သထုံသားလေး)

Notpad ကို ဖွင့်လိုက်တာနဲ အတုံးအတုံးလေး ဖြစ်မနေဘဲ ဒါရိုက် မြန်မာလိုပေါ်အောင်..ဘယ်လို Save မလဲ...

မင်္ဂလာပါခင်ဗျ..။
Notpad ကို ဖွင့်လိုက်တာနဲ အတုံးအတုံးလေး ဖြစ်မနေဘဲ ဒါရိုက် မြန်မာလိုပေါ်အောင်..ဘယ်လို  Save မလဲ...
ကဲစမယ်..။ ပထမ note pad ကိုဖွင့်ပြီး သိတဲ့အတိုင်းအောက်ကပုံကိုကြည့်ပါ..။

ဇော်ဂျီ ဖောင့် ပြောင်းတာကတော့သိကြမှာပါ..။ Format >>>>> Font >>>> zawgyi >>>> ok ပေါ့ဗျာ..။


Format >>>>> Font >>>> zawgyi >>>> ok ပေါ့ဗျာ..။
ကဲ ဘယ်လို မှတ်မလဲ စပြောမယ်ဗျာ..အောက်ကပုံကိုကြည့်ပါ..။

င်္File >>> Save As >>> ပေါ့ဗျာ..။

ပြီးတာနဲ .. အောက်ကပုံကိုကြည့်ပါ..။
Encoding မှာ Unicode ကိုပြောင်းပြီး လိုရာ Save လိုက် ပါ.. ကဲ ဒါဆို အဆင်ပြေပြီးပေါ့ဗျာ ဟုက်ဘူးလား အဟဟ..။(နှစ်ခါဘဲရယ်မယ် )


အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျာ..။
နေမင်းသူ(သထုံသားလေး)
HTML Comment Box is loading comments...